More than
hair care set store
authentic
Myanmar
More Than
Care for you
More Than Hair Care Set Store - Authentic
More Than
Hair Care Set Store - Authentic
Care for you
Hello...
ချစ်တို့ရေ...
မိန်းကလေးတစ်ယောက်အတွက် မျက်နှာအသားအရည်ကို
ထိန်းသိမ်းသလိုပဲ ဆံပင်ကိုလဲ ထိန်းသိမ်းရမယ်ဆိုတာ မမေ့နဲ့နော်...
ပထမမျက်နှာပြီးရင် ဒုတိယမျက်နှာက ဆံပင်ပဲနော်...
မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ် အလိုအပ်ဆုံးသော
အရာလေးက More Than လေးပါနော်...
About us...
More Than Hair Care Set Store - Authentic သည် ထိုင်းနိုင်ငံ၊ More Than Company မှ နိုင်ငံတကာစံချိန်စံညွှန်းများ (GS1 - Global Standards) နှင့်အညီ ထုတ်လုပ်ထားတဲ့ Hair Care Product များကို ရောင်းချပေးနေသော မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပြီး ရွှေရောင်ကောင်မလေးပုံ အမှတ်တံဆိပ်ကို အသုံးပြုထားပါသည်။
Products
(GS1 Code) 8859724200171
More Than
Keratin Shampoo
အဓိက ဆံပင်ကျွတ်တာကို သက်သာစေတယ်၊
ဗောက်ထခြင်း၊ ဦးရေပြားယားယံခြင်းကို ကာကွယ်ပေးတယ်၊ သုံးတာကြာလာတာနဲ့အမျှ ဆံပင်အသစ်လေးတွေ ပြန်ပေါက်လာပါတယ်။
အဓိက Keratin ပါတာကြောင့် ပျက်စီးနေသော ဆံသားများကို ကုသပေးပါတယ်။
(GS1 Code) 8859724200225
More Than
Keratin Serum
အဓိက ဆံပင်အရှည်မြန်တယ်၊ ဆံပင်အုံထူလာ စေတယ်၊ ဆံလုံးတစ်လုံးချင်းစီကို အားဖြည့်ပေးတာကြောင့် ဆံပင်ဝိတ်ရှိလာစေတယ်၊
ဒါ့အပြင် ဆံပင်ခြောက်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဖွာခြင်းတို့ကို ကုသပေးပါတယ်။
(GS1 Code) 8859724200164
More Than
Provitamin
Vitamin အစစ်ဖြစ်တဲ့အတွက်ကြောင့် ခေါင်းမလျှော်ခင် တစ်ညအလို သို့မဟုတ် နာရီဝက်၊ တစ်နာရီအလိုတွင် နှပ်ထားပေးရုံဖြင့် ဆံပင်သန်စွမ်းလာပြီး ဆံပင်ခြောက်ခြင်း၊ ဖွာခြင်း၊ ကြမ်းခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။
(GS1 Code) 8859724200423
More Than
Black Sesame & Keratin
နှမ်းနက်ပေါင်းဆေးလေးက အဓိက ဆံပင်အကောက်အဖြောင့်လုပ်၍ ပျက်စီးနေသော ဆံသားတွေကို ပြန်လည်ကုသပေးပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးတယ်၊ နှမ်းနက်ဖြင့် ပြုလုပ်ထားသောကြောင့် ဆံပင်အုံထူလာပြီး ဆံလုံးကြီးလာစေတယ်။
အဓိကအားဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေသော ဆံသားတွေကို ပြန်လည်ကောင်းမွန်စေရန် ကုသပေးပါတယ်။
(GS1 Code) 8859724200379
More Than
Wasabi Shampoo
Wasabi Shampoo က ထိပ်ပြောင်ခြင်း၊ ဆံပင်ပါးခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ ဆံပင်ကျွတ်တာကို လျော့ချပေးတယ်၊ ဆံပင်ကျဲတာကိုလည်း တားဆီးပေးတယ်။
Wasabi အပင်မှ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော သဘာဝခေါင်းလျှော်ရည်ဖြစ်ပါတယ်။
More Than
Provitamin B5
နေပူဒဏ်ကြောင့် ဆံသားခြောက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းကို သက်သာစေပြီး ဗောက်ပျောက်စေပါတယ်။
More Than Hair Care Set Store - Authentic
More Than Keratin Shampoo
အသုံးပြုနည်း - ခေါင်းမလျှော်ခင် ဆံပင်ကျွတ်သက်သာအောင် ခေါင်းဖြီးနဲ့ ဆံပင်ကို အရင်ရှင်းပေးပါ။ ခေါင်းလျှော်လျှင် အကြမ်းတစ်ခါ၊ အချောတစ်ခါ လျှော်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့မဟုတ်) ၃ ရက်တစ်ခါ ခေါင်းလျှော်ပေးပါ။
More Than Hair Care Set Store - Authentic
More Than Keratin Serum
အသုံးပြုနည်း - ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက်ချိန်နှင့် ရေခြောက်သွားချိန်တို့တွင် နေ့တိုင်း အသုံးပြုနိုင်ပါသည်။ အဖျားနှစ်ခွဖြစ်နေပါက ဆံပင်အောက်ဖျားများကို ပိုလိမ်းပေးပါ။ နေ့စဉ် တစ်ခါညှစ်စာပမာဏ ဆံသားကို လိမ်းပေးပါ။ တစ်နေ့လျှင် ၂ ကြိမ် အသုံးပြုပါက ဆံပင်ပို၍ အရှည်မြန်စေပါသည်။
More Than Hair Care Set Store - Authentic
More Than Provitamin
အသုံးပြုနည်း - ခေါင်းမလျှော်ခင် ၁ ရက်အလိုတွင် ဆံသားကို များများလိမ်းပြီး တစ်ည နှပ်ပေးထားရမည်။ ဗောက်ရှိပါက ဗောက်ရှိသောနေရာကို လိမ်းပေးနို်င်ပါသည်။
မှတ်ချက် - ဆံသားခြောက်သူဖြစ်ပါက ခေါင်းလျှော်ပြီး ဆံပင်ရေမစိုမခြောက်ချိန်တွင် ဆံသားကို လိမ်းပေးရပါမည်။
More Than Hair Care Set Store - Authentic
Black Sesame & Keratin
ဘာသုံးသံုး ဆံပင်ထူမလာဘူးဆိုရင် More Than နှမ်းနက်ပေါင်းဆေး သုံးပေးပါ။
အသုံးပြုနည်း - ခေါင်းလျှော်ပြီးလျှင် ဆံသားကို ရေပြောင်အောင်ညှစ်ပြီး ရေမစိုမခြောက်ဖြစ်နေသည့် အနေအထားပေါ်တွင် ၅ မိနစ်၊ ၁၀ မိနစ် ပေါင်းပေးရပါမယ်။ ပေါင်းဆေးအသုံးပြုပြီးပါက ရေပြောင်အောင်ဆေးချပေးပါရှင့်။
မှတ်ချက် - ဆံသားပျက်စီးထားပါက ပေါင်းဆေးကို မဖြစ်မနေ သုံးပေးရပါမယ်။
ယခုပေါင်းဆေးသည် ဦးရေပြားထိခိုက်မှု လုံးဝ မရှိပါ။
More Than Hair Care Set Store - Authentic
More Than Wasabi Shampoo
ဘာသုံးသံုး ဆံပင်အရမ်းကျွတ်နေရင် More Than Wasabi Shampoo သုံးပေးပါ။
အသုံးပြုနည်း - ခေါင်းမလျှော်ခင် ဆံပင်ကျွတ်သက်သာအောင် ခေါင်းဖြီးနဲ့ ဆံပင်ကို အရင်ရှင်းပေးပါ၊ ခေါင်းလျှော်သောအခါ အကြမ်းတစ်ခါ၊ အချောတစ်ခါ လျှော်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့မဟုတ်) ၃ ရက် တစ်ခါ ခေါင်းလျှော်ပေးပါ။
Wasabi အပင်မှ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော သဘာဝခေါင်းလျှော်ရည်တစ်မျိုးဖြစ်ပါသည်။
More Than Hair Care Set Store - Authentic
More Than Provitamin B5
အသုံးပြုနည်း - ဆံသားပေါ်တွင် လိမ်းပေးရပါမည်။ အဖျားနှစ်ခွဖြစ်နေပါက ထိုနေရာကို ပိုလိမ်းပေးပါ။ နေ့တိုင်းလိမ်းပေးနိုင်သည်။ ဗောက်ရှိပါက ဗောက်ရှိသည့် နေရာကို လိမ်းပေးလျှင် ဗောက်ပျောက်စေပါသည်။
အရောင်လိုက်၍ အနံ့နှင့် အကျိုးအာနိသင်များ ကွဲပြားပါသည်။
စနစ်တကျ ဘယ်လိုအသုံးပြုကြမလဲ?
အသုံးပြုနည်း - ၁
ခေါင်းမလျှော်ခင် တစ်ညအလို (သို့မဟုတ်) အနည်းဆုံး ၂ နာရီ ဆံသားများကို Provitamin နှင့် ရွှဲနေအောင် လိမ်းပေးပြီး နှပ်ထားပေးပါ။
ဦးရေပြားနှင့် ဆံသားအဆီပြန်သူဖြစ်လျှင် နှပ်ထားပေးရန် မလိုပါ။
အသုံးပြုနည်း - ၂
ခေါင်းမလျှော်ခင်တွင် ဘီးကျဲဖြင့် ဆံပင်အရင်ရှင်းပေးပြီးမှ Shampoo နဲ့ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။
အသုံးပြုနည်း - ၃
ခေါင်းလျှော်ပြီးလျှင် ဆံပင်ကို ရေညှစ်ပြီး ပေါင်းဆေးတစ်မျိုးတည်းဖြစ်စေ၊ Provitamin နှင့် ရောစပ်ပြီးဖြစ်စေ ဆံသားပေါ်တွင် ၁၅ မိနစ်ခန့် ပေါင်းပေးပါ၊ ပြီးလျှင် ရေပြောင်အောင် ဆေးချပေးပါ။
အသုံးပြုနည်း - ၄
ပေါင်းဆေး ရေပြောင်သွားပြီး ဆံပင်ရေမစိုမခြောက်ချိန်မှာ ဆံသားတွေက ငြိရှုပ်ပြီး ကျွတ်တတ်တာကြောင့် ငြိရှုပ်နေတဲ့ ဆံသားလေးတွေကို Serum နဲ့ အရင်လိမ်းပြီး ရှင်းပေးရပါမယ်၊ ပြီးရင် ဆံပင်ရေခြောက်အောင်ထားပေးရပါမယ်။
အသုံးပြုနည်း - ၅
ဆံပင်ရေခြောက်သွားပြီဆိုရင် Serum ကို
ဆံသားပေါ်တွင် ထပ်လိမ်းပေးပါ၊ Serum လိမ်းပြီးနောက် Provitamin လိမ်းပေးပါ။
Serum နဲ့ Provitamin ကို ဆံသားအောက်ဖျားပိုင်းကို ပိုပြီးလိမ်းပေးပါ။
More Than Hair Care Set အသုံးပြုပြီးနောက် ဆံပင်ကျွတ်သက်သာပြီး ဆံပင်အသစ်ကလေးများ ပြန်ထွက်လာစေတာကြောင့် ကျန်းမာလှပတဲ့ ဆံသားလေးကို ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်။